« »

တောက်တဲ့ကြောင့် အဖမ်းခံရသူ

အသက် ၄၀ အရွယ် အင်ဒိုနီးရှားအမျိုးသားအား တောက်တဲ့ငါးကောင် မှောင်ခိုရောင်းချရန်ကြိုးပမ်း နေချိန်တွင် သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ တောက်တဲ့ငါးကောင်ရဲ့ မှောင်ခိုပေါက်ဈေးဟာ ရင်းဂစ် ၈၅,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၄၀ကျော်) တန်တယ်လို့ခန့်မှန်းရပါတယ်။
ဖေဖော်ဝါရီ (၂၀) ရက် တနင်္ဂနွေနေ့ ညနေ ၆နာရီခွဲတွင် အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေးမှ စစ်ဆေးမှုပြုလုပ်နေသော Stulang Laut Ferry စစ်ဆေးရေးဂိတ်၌ ၎င်းအမျိုးသားအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံ လူဝန်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်း (Maqis) လက်ထောက် ဥက္ကဌ Siti Nur Ahmad မှ "သူဟာ အင်ဒိုနီးရှား၊ ဘာတမ်ကျွန်းက ဒီတောက်တဲ့တွေကိုဝယ်ယူလာခဲ့ပြီး ရေသန့်ဘူးခွံ ငါးခုထဲမှဖွက်ပြီးသယ်လာတာ" ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

(ဖမ်းဆီးရမိသော တောက်တဲ့ငါးကောင်အနက် တစ်ကောင်ရဲ့ပုံကို အထက်ပါစစ်ဆေးရေးဂိတ်၌ လက်ထောက်ဥက္ကဌ Sti Nur မှ ပြသနေစဉ်ဖြစ်ပါတယ်)
၎င်းအင်ဒိုနီးရှားအမျိုးသားသယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ တောက်တဲ့များကို စစ်ဆေးရေးဂိတ်မှ X-ray ရောင်ခြည်အသုံးပြုစစ်ဆေးရေးကိရိယာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ မလေးရှားနိုင်ငံတွင်းရောင်ချဖို့အတွက် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ တောက်တဲ့တစ်ကောင်ဟာ ရင်းဂစ် ၃၅,၀၀၀ ဝန်းကျင် တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားပြီး ဆေးပညာပိုင်းဆိုင်ရာ အသုံးချဖို့အတွက်လို့ ယူဆရပါတယ်။
"တောက်တဲ့များကို အရွယ်အစားအလိုက် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်းများနဲ့သယ်ဆောင်ရမှာဖြစ်ပါတယ်... ဒါဟာ ဒီနိုင်ငံအတွင်းကို တိရိစ္ဆာန်သယ်ဆောင်လာသူတိုင်း လိုက်နာရမယ့် စည်းမျဉ်းဥပဒေပါ" လို့ Sti Nur မှပြောကြားခဲ့ပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ တရားမဝင်တိရိစ္ဆာန်မှောင်ခိုလုပ်ဖို့ သယ်ဆောင်လာတာကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်တယ်လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။
သိမ်းဆည်းရမိခဲ့သော တောက်တဲ့များကို တိရိစ္ဆာန်ရုံအတွင်း ထိန်းသိန်းစောင့်ရှောက်ပြသသွားနိုင်ဖို့အတွက် ပေးအပ်ရန် သဘောတူညီချက်ရယူပြီးနောက် ထိုအမျိုးသားအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
 
Source : The Star
Tags: , ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။