« »

အင်္ဂလန်မှ အဓိကရုဏ်း



ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တတိယမြောက်နေ့အဖြစ် ဆိုးရွားတဲ့ ဆူပူမငြိမ်မသက် မှုတွေ ဖြစ်ပွားခဲ့ပြီး လန်ဒန်မြောက်ပိုင်း ကနေ Birmingham, Livepool, Nottingham, Bristol မြို့များအထိ ပျံ့နှံ့သွားခဲ့ပါတယ်။

လန်ဒန်အရှေ့ပိုင်းက Hackney အရပ်မှာ ညနေခင်းတုန်းက ဆယ်ကျော်သက် လူငယ်တွေက ဘေ့စ်ဘော ကစားတဲ့ ရိုက်တံတွေနဲ့ ဈေးဆိုင် ပြုတင်းပေါက်တွေကို ရိုက်ချိုးခဲ့ပြီး ရဲတွေကိုလည်း ခဲတွေနဲ့ ပစ်ပေါက်ကာ ညနေစောင်းပိုင်း တောက်လျှောက် ဆူပူတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဆူပူမှုတွေဟာ Lewisham ၊ Peckham နဲ့ Croydon အရပ်တွေအထိ ပြန့်နှံ့ခဲ့သလို လန်ဒန် အနောက်ပိုင်းက Ealing အရပ်မှာလည်း ဖြစ်ပွားခဲ့ပါတယ်။

ဈေးဆိုင်က ပစ္စည်းတွေလည်း လုယက်ခံခဲ့ရကာ အဆောက်အဦ တော်တော်များများလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသလို ရဲတွေလည်း လမ်းတွေပေါ်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစား နေကြပါတယ်။

အီတလီကို နွေရာသီ အားလပ်ရက် အနားယူဖို့ ရောက်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ဟာ သူ့ခရီးစဉ်ကို ဖြတ်သိမ်းပြီး ပြန်လာကာ ဒီကိစ္စအပေါ် ကိုယ်တိုင် ကိုင်တွယ် တော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗြိတိန် အလယ်ပိုင်းကိုလည်း ဆူပူမှုတွေ ပြန့်နှံ့သွားခဲ့ပြီး ဘာမင်ဂန်မြို့က ကုန်တိုက် တခုကို မျက်နှာဖုံးစွပ် တွေနဲ့ လူတရာလောက် ဝင်ရောက် လုယက် ခဲ့တယ်လို့ သိရပါတယ်။

ဆူပူမှုတွေကြောင့် Charlton နဲ့ West Ham ဘောလုံးပွဲစဉ်ကို ဖျက်သိမ်းလိုက်ရပြီး၊ Birmingham မှာလည်း အင်္ဂလန် နဲ့ အိန္ဒိယအသင်းတို့ရဲ့ ခရစ်ကက်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အခြေအနေကိုထိမ်းသိမ်းဖို့ လန်ဒန်မှာ ရဲတပ်ဖွဲ့ဝင် ၁၇၀၀ ထပ်မံဖြည့်ထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က Tottenham မြို့မှာ လူတစ်ဦးကို ရဲကပစ်သတ်လိုက်တာကစပြီး ဆန္ဒပြမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Source : BBC, Getty Images
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။